ထားဝယ်ရေနက်ဆိပ်ကမ်း EIA,SIA,HIA ပြုလုပ်ရာတွင် မြန်မာပညာရှင်များ ပါဝင်မည်


နဘုလယ်ဒေသ၏ ပတ်ဝန်းကျင်ထိခိုက်မှု၊ လူမှုစီးပွားရေးထိခိုက်မှုနှင့် ကျန်းမာရေးထိခိုက်မှု အစီအရင်ခံရန် ထိုင်းနိုင်ငံမှ ကုမ္ပဏီအပြင် မြန်မာနိုင်ငံဘက်မှ ပညာရှင်များ ပါဝင်မည်ဖြစ်ကြောင်း ထားဝယ်ရေ နက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် အထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ ဦးတင်မောင်ဆွေက ပြောသည်။

"Third Party ငှားတဲ့အထဲမှာ မြန်မာဘက်က ပညာရှင်တွေလည်းပါပါတယ်။ ဘယ်သူပါမယ် ဆိုတာ မပြောနိုင်သေးဘူး။ ပတ်ဝန်းကျင်ထိန်းသိမ်းနဲ့ သစ်တောရေးရာဝန်ကြီးဌာနကို တင်ပြထားတယ်။ ကုန်ကျခံမယ့်စရိတ်ကို ထားဝယ်ဖွံ့ဖြိုးရေးကုမ္ပဏီက ကုန်ကျသလောက်ပေးတယ်" ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်း၏ ပတ်ဝန်းကျင်ညစ်ညမ်းမှု အစီရင်ခံစာ၊ လူမှုစီး ပွားရေးထိခိုက်မှုအစီရင်ခံစာ၊ ကျန်းမာရေးထိခိုက်မှုအစီရင်ခံစာ လေ့လာရန် Third Party အဖြစ်ထိုင်းနိုင်ငံမှ Team Consulting Engineeringand Management ကုမ္ပဏီကို ငှားရမ်းဆောင်ရွက်ခွင့်ပြုမည့်အပေါ် ပြည် တွင်းရှိ သဘာဝပတ်ဝန်းကျင် လေ့လာသူများက သံသယရှိနေကြသည်။

" သူတို့နိုင်ငံက လာလုပ်တော့ ဒီအဖြေက ရလဒ်ကောင်းပဲ ထွက်လာမယ် ကျွန်တော်တို့ထင် တယ်။ ပြည်တွင်းက ဦးအုန်းတို့လို ဦးဝင်းမျိုးသူတို့အပြင် တခြားတတ်သိနားလည်တဲ့ ကျွမ်းကျင်ပညာရှင်တွေပါ စေချင်တယ်" ဟုလောကအလင်းအမည်ရှီ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ကိုင်နေသော အဖွဲ့တွင် သဘာဝပတ်ဝန်းကျင်ရေးရာ ဆောင်ရွက်နေသူဦးသန့်ဇင်က ပြောသည်။



သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုအစီရင်ခံစာ (EIA-Environment Impact Assessment)၊ လူမှုစီးပွားရေးထိခိုက်မှု အစီရင်ခံစာ (SIA-Social Impact Assessment)၊ ကျန်းမာရေးထိခိုက်မှု အစီရင်ခံစာ (HIA-Health Impact Assessment) တို့ကိုလေ့လာရန် အထက်ပါ ထိုင်းကုမ္ပဏီကိုငှားရမ်းခြင်းဖြစ်သည်။ ထား ၀ယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်အကောင်အထည်ဖော်သည့်နေရာတွင် အထက်ပါအစီရင်ခံစာ သုံး ခုကိုလေ့လာနေကြောင်း ယင်းအဖွဲ့ဥက္ကဋ္ဌ ဦးတင်မောင်ဆွေကပြောသည်။

Tags: ..Other
Source: The article first appeared on 7 DAY NEWS Journal - အတွဲ ၁၀၊ အမှတ် ၄၅
Submitted by:
tinnyo
5 fans
Suggestions:
Teashoptalk on mobile
Latest updates are at your finger tips
Read from any device at teashoptalk.com
Online users
323 online
About TeashopTalk Advertise Contact Us Blog Help & FAQ Terms of Service