ကျေးလက်နေအမျိုးသမီးများ သားအိမ်ခေါင်းဆိုင်ရာ ပုံမှန်မဟုတ်သော ဆဲလ်ပြောင်းလဲမှုပိုများဟုဆို
သားအိမ်ခေါင်းဆိုင်ရာ ပုံမှန်မဟုတ်သော ဆဲလ်ပြောင်းလဲမှုနှုန်းသည် ကျေးလက်တောရွာဒေ သများတွင် သိသာစွာများပြားနေကြောင်း သုတေသနစာတမ်းတစ်ခုတွင် ဖော်ပြထားသည်။
နေပြည်တော်အတွင်းရှိ မြို့ပြနှင့်ကျေးလက်တောရွာနေမိခင်များအား လေ့လာဆန်းစစ်ရာသား အိမ်ခေါင်းဆိုင်ရာ ပုံမှန်မဟုတ်သော ဆဲလ်ပြောင်းလဲမှုတွေ့ရှိသူ ၁၆၈ ဦးတွင် ၁၀၁ ဦးမှာ ကျေးလက်နေမိခင် များ ဖြစ်ကြောင်း အဆိုပါသုတေသနစာတမ်းတွင် ဖော်ပြထားသည်။
သားအိမ်ခေါင်းကင်ဆာသည် လိင်မှတစ်ဆင့် ကူးစက်ပြီးအမျိုးသမီးရောဂါများထဲတွင် ဒုတိယ အဖြစ်အများဆုံးနှင့် သေဆုံးမှုများသော ရောဂါတစ်ခုဖြစ် မြို့ပြရှိ အမျိုးသမီးများ သိရှိကြသော်လည်း ကူးစက်မှု မှ ကာကွယ်ရန်နှင့် သတိပြုမိရန်ကိုမူ လိုက်နာမှု နည်းပါးနေသေးကြောင်း စာတမ်း၌ ဖော်ပြထားသည်။
အဆိုပါရောဂါသည် ယခင်က အသက်ကြီးသည့် အမျိုးသမီးများတွင်သာ ဖြစ်ပွားမှုများပြားခဲ့ သော်လည်းယခုအချိန်တွင် အသက် ၂၅ နှစ်မှ ၃၀ နှစ်ကြား အမျိုးသမီးများတွင်လည်း ဖြစ်ပွားလာကြကြောင်း သားဖွားနှင့်မီးယပ် အထူးကုဆရာဝန်ကြီး ဒေါက်တာစိုးလွင်က သားအိမ်ခေါင်းကင်ဆာ ဟောပြောပွဲတစ်ခုတွင် ပြောကြားခဲ့သည်။
မြန်မာလူမျိုးများ၏ မှားယွင်းသော ယူဆချက်တစ်ခုဖြစ်သည့် ရောဂါလက္ခဏာကြောင့် ပုံမမှန် သွေးများဆင်းသည့်အခါတွင်လည်း သွေးပုပ်များဆင်းခြင်းဖြစ်သည်ဟု ထင်မြင်လေ့ရှိပြီး နောက်ကျသည့်အချိန် မှသာ ကျန်းမာရေးဌာနများသို့ ရောက်ရှိလာခြင်းကြောင့် သေဆုံးမှုမှာလည်း များပြားခြင်းဖြစ်သည်။
ယခုပြုလုပ်သည့် သုတေသနသည် သားအိမ်ခေါင်းကင်ဆာဗိုင်းရပ်စ်ပိုး (HPV DNA) ဆိုင်ရာ စမ်းသပ်စစ်ဆေးမှု မပါဝင်ခဲ့ဘဲ သားအိမ်ခေါင်းဆဲလ်များ ပြောင်းလဲမှုအား လေ့လာခဲ့ခြင်းဖြစ်ပြီး မိခင်စုစုပေါင်း ၂၂၇ ဦးအား သုတေသနပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ရောဂါဆိုင်ရာမှန်ကန်သော အယူအဆသိရှိနားလည်းစေရန် ရည်ရွယ်၍ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်သင့်ကြောင်း အဆိုပါစာတမ်းတွင် ဖော်ပြထားသည်။
Tags:
Health
Source: The article first appeared on 7 DAY NEWS Journal - အတွဲ ၁၀၊ အမှတ် ၄၅