သစ်နှင့် သစ်အခြေခံထုတ်ကုန် တန်ချိန်ကိုးသိန်းကျော် တင်ပို့
သစ်နှင့်သစ်အခြေခံပစ္စည်းများကို ၂၀၁၀-၁၁ ဘဏ္ဍာနှစ်အတွက် ပြည်ပတင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များ အသင်းမှအထွေထွေအတွင်းရေးမှူး ဦးမျိုးသက်က နှစ်ပတ်လည် အသင်းသား စုံညီအစည်းအဝေးတွင် ပြောကြားခဲ့သည်။
မြန်မာ့သစ်လုပ်ငန်းအနေဖြင့် ပြီးခဲ့သည့် ၂၀၁၀-၁၁ ခုနှစ်တွင် မြန်မာနိုင်ငံ၏ စုစုပေါင်းပြည်ပပို့ ကုန်တန်ဖိုး၏ ၄၉ ဒသမ ၁၁ ဘီလီယံကျပ်(တစ်ဒေါ်လာ ၈၅၀ ဖြင့်တွက်ပါဒေါ်လာ ၅၇ သန်းကျော်) တန်ဖိုး တင် ပို့နိုင်ခဲ့ကြောင်း စာရင်းဇယားများတွင် ဖော်ပြထားသည်။
သစ်မျိုးစုံ တင်ပို့မှုတန်ချိန်မှာ ၃ ဒသမ ၅ ဘီလီယံကျပ် တန်ဖိုးရှိသည်။ ကျွန်းသစ်တန်ချိန်မှာ တန်ချိန် ၂ ဒသမ ၄၃ သိန်းတင်ပို့နိုင်ခဲ့၍ ကျွန်းသစ်တင်ပို့မှု တန်ဖိုးမှာ ၁ ဒသမ ၇၄ ဘီလီယံကျပ်ရှိခဲ့သည်။
သစ်မာတင်ပို့မှုတန်ချိန်မှာ ၂ ဒသမ ၁၂ သိန်းရှိပြီး တန်ဖိုးအားဖြင့် ၁ ဒသမ ၆ ဘီလီယံရှိသည်။ အထပ်သားတင်ပို့မှုမှာလည်း ၁၁၈ သန်းတင်ပို့နိုင်ခဲ့သည်ဟု အထက်ပါပုဂ္ဂိုလ်များက ပြောသည်။
ယင်းသို့ တင်ပို့နိုင်သော်လည်း ကုန်ကြမ်းနှင့်တစ်ဝက်တစ်ပျက် ကုန်ချောအဖြစ်သာ တင်ပို့နိုင် သောကြောင့် ပို့ကုန်ဝင်ငွေများစွာ လျော့နည်းနေသေးကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။
သစ်တောထွက်ပစ္စည်း ကုန်သွယ်မှုကဏ္ဍနှင့်ပတ်သက်၍ သစ်လုံးတင်ပို့မှုကို မှီခိုနေပြီး အချော ထည်တင်ပို့မှုမှာ စုစုပေါင်းတန်ဖိုး၏ ၁၀ ရာခိုင်နှုန်းအောက်တွင်သာရှိသည်ဟု အသင်းထုတ်ပြန်ချက်၌ ဖော်ပြ ထားသည်။
Tags:
Business
Source: The article first appeared on 7 DAY NEWS Journal - အတွဲ ၁၀၊ အမှတ် ၄၅