ပြည်ပဈေးကွက်ယှဉ်ပြိုင်မှုမြှင့်တင်ရန် မြန်မာ့ဆန်တစ်တန် ဒေါ်လာ ၂၀ ဈေးချ
ပြည်ပသို့တင်ပို့မည် မြန်မာဆန် ၂၅ မှတ်ကို ယခုလကုန်ပိုင်းမှ စတင်၍ တစ်တန်လျှင် ကန် ဒေါ်လာ ၂၀ လျှော့ချသတ်မှတ်လိုက်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းမှ သတင်းထုတ်ပြန်သည်။
ပြည်ပပို့ကုန်ရငွေ တန်ဖိုးပြန်မြင့်တက်လာသည့်အတွက် ယခင်က တစ်တန်လျှင် ကန်ဒေါ်လာ ၃၅၀ ရောင်းချရာမှ ၃၃၀ သို့လျှော့်ချလိုက်ခြင်းဖြစ်သည်။ ပြည်ပပို့ကုန်ရငွေ တန်ဖိုးသည်ယခုရက်ပိုင်းတွင် တစ် ဒေါ်လာလျှင် ၈၅၀ ကျပ်ထိဈေးမြင့်လာကြောင်း အဆိုပါအသင်းမှတွဲဖက်အတွင်းရေးမှူး ဒေါက်တာစိုးထွန်းက ဆိုသည်။
" ဒီဈေးနဲ့ဆို တစ်ဖက် ၀ယ်သူကလည်း ၀ယ်ဖို့ရှိတယ်။ အိန္ဒိယကလည်းသူဆန်ကို ၃၃၅ ဒေါ် လာထိ ဈေးချလိုက်တယ်" ဟု အထက်ပါပုဂ္ဂိုလ်ကဆိုသည်။ ယခင်က အိန္ဒိယကလည်း ၄င်းတို့၏ ဆန်တစ်တန် လျှင် ၃၅၀ ဒေါ်လာသတ်မှတ်ထားသည်။
သုံးလနီးပါးကြာ ရပ်နားခဲ့ရသော ပြည်ပသို့ဆန်တင်ပို့မှုကို ၂၀၁၂ နှစ်ဆန်းပိုင်းတွင်ပြန်လည်စ တင်နိုင်ပြီး ၂၅ မှတ်အမျိုးအစားတန်ချိန် ၁၅၀၀၀ ခွဲတင်ပို့ခဲ့သည်။ ရောင်းချသော ဆန်များမှာ အာဖရိကနိုင်ငံ များမှ ၀ယ်ယူခြင်းဖြစ်ပြီး တစ်တန်လျှင် ကန်ဒေါ်လာ ၃၅၅ ထိရရှိခဲ့သည်။
ထို့အပြင် ဇန်န၀ါရီနှင့်ဖေဖော်ဝါရီလများတွင် တစ်လလျှင် တန်ချိန် ၇၀၀၀၀ တင်ပို့နိုင်ရန် ခန့် မှန်းကြောင်းလည်း ဒေါက်တာစိုးထွန်းကဆိုသည်။
ယခုနှစ်မိုးစပါးပေါ်ချိန်တွင် ပြည်ပသို့ တင်ပို့မှုနည်းခဲ့သဖြင့် စပါးဈေးနှုန်းမှာ ပြည်တွင်း၌ တင်း တစ်ရာလျှင် အမျိုးအစားအလိုက် ကျပ် ၂၅၀၀၀၀ မှ ၃၃၀၀၀၀ ကြားသာ ဈေးရှိသည်။ သို့သော်ယင်းဈေးများမှာ စပါးတစ်တင်းလျှင် အနည်းဆုံးပေါင် ၅၀ ဈေးနှုန်းများသာ ဖြစ်သည်။ ရန်ကုန်ဈေးကွက်တွင် ၂၅ မှတ်ဆန်ဈေး မှာလည်း တစ်အိတ်လျှင် ၁၁၅၀၀ ကျပ်ဝန်းကျင်သာရှိသည်။
Tags:
Business
Source: The article first appeared on 7 DAY NEWS Journal - အတွဲ ၁၀၊ အမှတ် ၄၅