လာမည့် ကြားဖြတ်ရွေးကောက်ပွဲများအတွက် ကျင်းပမည့် မဲဆန္ဒနယ် ၄၈ နေရာသာရှိ၍ လွတ်လပ်ပြီး တရားမျှတမှုရှိရန် အနီးကပ်စောင့်ကြည့်နိုင်မည်
လာမည့်ကြားဖြတ်ရွေးကောက်ပွဲများအတွက် ကျင်းပမည့် လစ်လပ် မဲဆန္ဒနယ် ၄၈ နေရာသာရှိ၍ လွတ်လပ်ပြီး တရားမျှတမှုရှိရန် အနီးကပ်စောင့်ကြည့်နိုင်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်က ပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က ဇန်န၀ါရီလ ၁၅ ရက်နေ့က ပြင်သစ်မီဒီယာများနှင့် သူမ၏နေအိမ်တွင်တွေ့ဆုံရာတွင် ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

''လာမယ့်ကြားဖြတ်ရွေးကောက်ပွဲများအတွက် ကျင်းပမယ့် လစ်လပ် မဲဆန္ဒနယ်ဟာ ၄၈ နေရာပဲ ရှိပါတယ်။ ဒါကြောင့် ကျွန်မတို့အနေနဲ့ အဲဒီမဲဆန္ဒနယ်တွေမှာ ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပမှုဟာ လွတ်လပ်ပြီး တရားမျှတမှုရှိဖို့အတွက် အနီး ကပ်စောင့်ကြည့်နိုင်မယ်လို့ ထင်ပါတယ်''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

လာမည့်ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပရာတွင် လွတ်လပ်ပြီး တရားမျှတမှုရှိရန် နိုင်ငံတကာအသိုင်းအ၀ိုင်းကလည်း တိုက်တွန်းပြောကြားလျှက်ရှိပြီး ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပရာတွင် လွတ်လပ်ပြီး တရားမျှတပါက မြန်မာနိုင်ငံ အပေါ်ချ မှတ်ထားသည့် အရေးယူပိတ်ဆို့မှုများကို စတင်ဖြေလျော့ပေးရန်ရှိကြောင်းလည်း ပြောကြားထားပါသည်။ 

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် လွှတ်တော်အသီးသီးတွင် လွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေသော မဲဆန္ဒနယ် ၄၈ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲများကို ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ပြုလုပ်မည့် မဲဆန္ဒနယ်များမှာ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၄၀၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ခြောက်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် နှစ်နယ်တို့ ဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ကြားဖြတ်ရွေးကောက်ပွဲများအတွက် မိမိအမည် မဲစာရင်း၌ ပါရှိစေရေး ပြည်သူများသက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများနှင့် ဆက်သွယ်ရန် အသိပေးနှိုးဆော်ထားပြီး ပါတီများအနေဖြင့်လည်း မိမိတို့ စည်းရုံးထားသည့် မဲဆန္ဒရှင်များ၏ အမည်များကို သက်ဆိုင်ရာမဲစာရင်းတွင် ပါရှိစေရေး ပူးပေါင်းဆောင်ရွက်ပေးကြရန်လည်း နှိုးဆော်ထားသည်။

Tags: Politics
Source: The article first appeared on www.news-eleven.com
Submitted by:
boe_daw
0 fans
Suggestions:
Teashoptalk on mobile
Latest updates are at your finger tips
Read from any device at teashoptalk.com
Online users
323 online
About TeashopTalk Advertise Contact Us Blog Help & FAQ Terms of Service