အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးခရီးစဉ်များ ထုတ်ပြန်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ရန်ကုန်မြို့ပြင် နိုင်ငံရေးခရီးစဉ်များကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဇန်န၀ါရီလ ၂၂ ရက်နေ့က ထုတ်ပြန်ခဲ့ ပါသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သွားရောက်မည့် နိုင်ငံရေးခရီးစဉ်များမှာ ထားဝယ်၊ မန္တလေးနှင့် ပုသိမ်ခရီးစဉ်များ ဖြစ်ကြသည်။ ထားဝယ်နှင့် ပုသိမ်ခရီးစဉ်တို့မှာ နေ့ချင်းပြန်ခရီးစဉ်များ ဖြစ်ကြပြီး မန္တလေးခရီးစဉ်မှာ တစ်ညအိပ် နှစ်ရက် ခရီးစဉ်ဖြစ်သည်။

ထားဝယ်ခရီးစဉ်မှာ ဇန်န၀ါရီလ ၂၉ ရက်နေ့ဖြစ်ပြီး ပုသိမ်ခရီးစဉ်မှာ ဖေဖော်ဝါရီလ ၇ ရက်နေ့ဖြစ်သည်။ မန္တလေးခရီးစဉ်မှာ ဖေဖော်ဝါရီလ ၄ ရက်နေ့မှ ၅ ရက်နေ့ ထိဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် လာမည့်ကြားဖြတ်ရွေးကောက်ပွဲများတွင် ကော့မှူးမြို့နယ် မဲဆန္ဒနယ်မှ ၀င်ရောက်ယှဉ်ပြိုင်ရန် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဇန်န၀ါရီလ ၁၈ ရက်နေ့က အမည်စာရင်း တင်သွင်းထားပြီးဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတကာမှ ချီးမြှင့်သည့်ဆုပေါင်း ၁၂၀ ကျော် ရရှိထားပြီးဖြစ်သလို ပြင်သစ်နိုင်ငံ၏ အမြင့်ဆုံးသော ဂုဏ်ထူးဆောင်ဆု (Legion of Honour) ကိုလည်း မကြာသေးမီက ရရှိခဲ့သည်။  အဆိုပါဆု ချီးမြှင့်အပ်နှင်းပွဲကို ရန်ကုန်မြို့ရှိ ပြင်သစ်သံရုံးတွင် ဇန်န၀ါရီလ ၁၅ ရက်နေ့က ကျင်းပခဲ့ပြီး မြန်မာနိုင်ငံတွင် အလည်အပတ်ရောက်ရှိနေသော ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက ပြင်သစ်သမ္မတ ဆာကော်ဇီကိုယ်စား ဆုတံဆိပ်အား ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ပေးအပ်ခဲ့သည်။ အဆိုပါဆုမှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လက်ခံရယူနိုင်ခဲ့သည့် ပထမဆုံးဆုဖြစ်ကြောင်းလည်း သိရှိရပါသည်။

Tags: Politics
Source: The article first appeared on www.news-eleven.com
Submitted by:
zawgyi08
1 fans
Suggestions:
Teashoptalk on mobile
Latest updates are at your finger tips
Read from any device at teashoptalk.com
Online users
325 online
About TeashopTalk Advertise Contact Us Blog Help & FAQ Terms of Service