" နိုင်ငံနဲ့ နိုင်ငံသားများအတွက် ဘ၀ပေးပြီး ဆောင်ရွက်မယ်လို့လည်း ဒီလွှတ်တော်ကိုယ်စားလှယ်များ ရှေ့ မှောက်မှာ ကတိပြုပါတယ်။
ယခုလ ၇ ရက်က ကျင်းပပြုလုပ်ခဲ့သော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ တင်ပြ ပြောကြားချက်များနှင့် ပတ်သက်ပြီး အဆိုရှင်ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များသို့ ယနေ့ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။
ပြည်သူ့ကိုယ်စားလှယ်များက တစ်ခဲနက်ထောက်ခံခဲ့ပြီး ပြည်သူများ၊ ၀န်ထမ်းများပါ သဘော ကျကြိုဆိုခဲ့ကြသော ၎င်းပြောကြားချက်များအပေါ် ပြည်ထောင်စုလွှတ်တော် နာယကက မှတ်ချက်ပေးခဲ့ခြင်းနှင့် ပတ်သက်၍လည်း " နာယကကြီးက မိမိကိုပြောခဲ့တာ ရှိပါတယ်။ တချို့ကတော့ သဘောကျချင်မှ ကျမယ်ဆို တဲ့ စကားကို မိမိမှတ်သားခဲ့ပါတယ်" ဟု ပဏာမအနေဖြင့် ပြောကြားခဲ့သည်။ ၎င်းအပြင် " ကျွန်တော်ရဲ့ တင်ပြ ချက်ဟာ စိတ်ကောင်းစေတနာနဲ့ ပြည်သူ့အကျိုး၊ နိုင်ငံ့အကျိုးအတွက် အမှန်ဖြစ်ပါတယ်။ အမှန်တကယ်တိုး တက်အောင် ပြုပြင်ပြောင်းလဲဖို့လည်း လိုပါတယ်။ ဒီလိုမှ သတ္တိရှိရှိ ရဲရဲဝံ့ဝံ့ မတင်ပြဘူးဆိုရင် ကျွန်တော်သစ္စာမဲ့ ရာရောက်ပါတယ်။ သစ္စာမဲ့ရင်လည်း ကျွန်တော့်ကိုပါခွင့်မလွှတ်ကြပါနဲ့လို့ တင်ပြခဲ့ခြင်းဖြစ်ပါတယ်" ဟုလည်း ဆက်လက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ယခုကဲ့သို့ တင်ပြဆွေးနွေးနိုင်ခွင့် အခွင့်အရေးရသည့်အချိန်တွင် မတင်ပြမဆွေးနွေးခဲ့ပါက လုပ်သင့်သည့် အလုပ်ကို မလုပ်ခဲ့မိ၍ အမှားတစ်ခုကျူးလွန်ရာရောက်သည်ဟု ယုံကြည်ကြောင်းပြောကြားခဲ့ သည့်အပြင် " ဒီနေ့နိုင်ငံနဲ့ နိုင်ငံသားများအတွက် ဘ၀ပေးပြီး ဆောင်ရွက်မယ်လို့လည်း ဒီလွှတ်တော်ကိုယ်စား လှယ်များရှေ့မှောက်မှာ ကတိပြုပါတယ်" ဟု အတိအလင်း ထုတ်ဖော်ပြကြားသွားသည်။
နိုင်ငံ့ဝန်ထမ်းများအတွက် လစာတိုးမြှင့်ရေး အကြောင်းရင်းနှင့် ပတ်သက်၍လည်း " စီမံကိန်း တွေအမှားကြောင့် စက်ရုံသာရှိပြီး လျှပ်စစ်ဓာတ်အားမလုံလောက်တာ၊ မရရှိတာ၊ ဂက်စ်မလုံလောက်တာ၊ မရ တာတွေ၊ ကုန်ကြမ်းမလုံလောက်၊ မရတာတွေ၊ကုန်ပစ္စည်းရဲ့ အရည်အသွေးနဲ့ ဈေးနှုန်းအရ ၀ယ်ယူလိုသူနည်း ပါးတာတွေ ဖြစ်ခဲ့ပြီးပါပြီ။ ဒါကြောင့် မသုံးသင့်တာ မလုပ်သင့်သေးတဲ့ စီမံကိန်းတွေ ခဏဆိုင်းငံ့ပြီး အဲဒီငွေတွေ ကို အခက်အခဲဖြစ်နေတဲ့ ၀န်ထမ်းများအတွက် လစာကို ရာခိုင်နှုန်းတစ်ခုအထိ တိုးပေးနိုင်ရန် အကြမ်းဖျင်းသုံး သပ်တွေ့ရှိရပါတယ်" ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
Tags:
Politics
Source: The article first appeared on 7 DAY NEWS Journal - အတွဲ ၁၀၊ အမှတ် ၄၉